“ မြန်မာနိုင်ငံသားများဘဏ်၏ ဘဏ်ခွဲများတွင် ရာခိုင်နှုန်းဖြင့်အကျိုးအမြတ်ရယူ၍ ငွေသားထုတ်ပေးခြင်းများ ၊ ဘဏ်၏ ငွေစာရင်းထဲရှိ အပ်နှံထားသည့်ငွေများနှင့် ဘဏ်ပြင်ပရှိငွေသားများ လဲလှယ်ထုတ်ပေးခြင်းများ၊ ဘဏ်ဝန်ဆောင်ခ နှုန်းထားများ အပြင်ရာခိုင်နှုန်းဖြင့် အခကြေးငွေ ကောက်ယူပါက မြန်မာနိုင်ငံသားများဘဏ်၏ ဖုန်းနံပါတ် ၀၁-၈၃၈၆၀၂၄ နှင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ ဖုန်းနံပါတ် ၀၆၇-၄၁၈၅၀၅ သို့ တိုင်ကြားနိုင်ပါသည်”

02 Sep 2019

ခရမ်းဘဏ်ခွဲဖွင့်လှစ်ခြင်း

မြန်မာနိုင်ငံသားများဘဏ်လီမိတက် (MCB Bank) ၏ (၄၃)ခုမြောက် ဘဏ်ခွဲဖြစ်သော ခရမ်းဘဏ်ခွဲအား အမှတ်(၃၆၃)၊ကျောက်တိုင်လမ်း၊(၃)ရပ်ကွက်၊ခရမ်းမြို့၊ရန်ကုန်တိုင်းဒေသကြီးတွင် ၂၀၁၉ခုနှစ်၊သြဂုတ်လ (၂၈)ရက်နေ့ မှ စ၍ ဖွင့်လှစ်ထားရှိပြီး ဘဏ်လုပ်ငန်း ဝန်ဆောင်မှုများအား ဖော်ရွေစွာဖြင့် စိတ်ချလုံခြုံမှုရှိစေသော အစီအစဉ်များဖြင့် နွေးထွေးပျူငှာစွာဖြင့် ဆောင်ရွက် ပေးနေပြီ ဖြစ်ကြောင်းကို တန်ဖိုးထားရသော MCB ၏ Customers များထံသို့ အသိပေး ကြေညာအပ်ပါသည်။

ဘဏ်ခွဲသစ်များ တိုးချဲ့ဖွင့်လှစ်ခြင်းကြောင့် ဒေသခံပြည်သူများ အတွက် ငွေကြေးဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်ရာတွင် လုံခြုံစိတ်ချရမှုရှိစေခြင်း အချိန်နှင့် တစ်ပြေးညီ ပိုမိုလွယ်ကူမြန်ဆန်စွာဆောင်ရွက်နိုင်စေပါသည်။

Other News