“ မြန်မာနိုင်ငံသားများဘဏ်၏ ဘဏ်ခွဲများတွင် ရာခိုင်နှုန်းဖြင့်အကျိုးအမြတ်ရယူ၍ ငွေသားထုတ်ပေးခြင်းများ ၊ ဘဏ်၏ ငွေစာရင်းထဲရှိ အပ်နှံထားသည့်ငွေများနှင့် ဘဏ်ပြင်ပရှိငွေသားများ လဲလှယ်ထုတ်ပေးခြင်းများ၊ ဘဏ်ဝန်ဆောင်ခ နှုန်းထားများ အပြင်ရာခိုင်နှုန်းဖြင့် အခကြေးငွေ ကောက်ယူပါက မြန်မာနိုင်ငံသားများဘဏ်၏ ဖုန်းနံပါတ် ၀၁-၈၃၈၆၀၂၄ နှင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ ဖုန်းနံပါတ် ၀၆၇-၄၁၈၅၀၅ သို့ တိုင်ကြားနိုင်ပါသည်”

10 Dec 2019

မြန်မာနိုင်ငံသားများဘဏ်လီမိတက် (MCB) ၏ (၂၇) ကြိမ်မြောက် နှစ်ပတ်လည် အထွေထွေအစည်းအဝေး အခမ်းအနား

မြန်မာနိုင်ငံသားများဘဏ်လီမိတက် (MCB) ၏ (၂၇) ကြိမ်မြောက် နှစ်ပတ်လည် အထွေထွေအစည်းအဝေး အခမ်းအနားကြီးအား (၂၀၁၉)ခုနှစ် ဒီဇင်ဘာလ (၈)ရက်နေ့တွင် ရန်ကုန်မြို့ရှိ Lotte Hotel Yangon (Sapphire Ballroom) ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ပြီး အခမ်းအနားသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဒုတိယဝန်ကြီး ဦးအောင်ထူး၊ အထူးဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ ဒါရိုက်တာအဖွဲ့ဝင်များနှင့် ရှယ်ယာရှင်များစွာ တက်ရောက်ခဲ့ကြပါသည်။ Yangon Stock Exchange (YSX) တွင် စာရင်းဝင် (Listed) ဘဏ်တစ်ခုအနေဖြင့် ယခုပွဲသည် အရေးပါလှပြီး ရှယ်ယာရှင်များအား မြန်မာနိုင်ငံသားများဘဏ်၏ ဥက္ကဌ ဖြစ်သူ ဦးတိုးအောင်မြင့် မှ လက်ရှိ ဘဏ်လုပ်ငန်းဆောင်ရွက်မှု အခြေအနေများ၊ ရှေ့လုပ်ငန်းစဉ်များနှင့် ယခုနှစ်အတွက် အမြတ်ဝေစုခွဲဝေမှု ကိစ္စအဝဝအား ရှင်းလင်းတင်ပြ၍ ဒါရိုက်တာအဖွဲ့ဝင်များ နှုတ်ထွက်ခြင်းနှင့် ပြန်လည်ရွေးချယ် ခန့်အပ်ခြင်းများအား ရှယ်ယာရှင်များ ဆန္ဒရယူကာ ဆောင်ရွက်ခဲ့ကြပါသည်။
နှစ်ပတ်လည် အထွေထွေအစည်းအဝေး အခမ်းအနားအား ကြွရောက်ချီးမြှင့်ပေးကြသည့် အထူး ဧည့်သည်တော်များ နှင့် ရှယ်ယာရှင်များ အား မြန်မာနိုင်ငံသားများဘဏ်လီမိတက် မှ အထူးပင် ကျေးဇူးတင်ရှိအပ်ပါသည်။

 

Other News