“ မြန်မာနိုင်ငံသားများဘဏ်၏ ဘဏ်ခွဲများတွင် ရာခိုင်နှုန်းဖြင့်အကျိုးအမြတ်ရယူ၍ ငွေသားထုတ်ပေးခြင်းများ ၊ ဘဏ်၏ ငွေစာရင်းထဲရှိ အပ်နှံထားသည့်ငွေများနှင့် ဘဏ်ပြင်ပရှိငွေသားများ လဲလှယ်ထုတ်ပေးခြင်းများ၊ ဘဏ်ဝန်ဆောင်ခ နှုန်းထားများ အပြင်ရာခိုင်နှုန်းဖြင့် အခကြေးငွေ ကောက်ယူပါက မြန်မာနိုင်ငံသားများဘဏ်၏ ဖုန်းနံပါတ် ၀၁-၈၃၈၆၀၂၄ နှင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ ဖုန်းနံပါတ် ၀၆၇-၄၁၈၅၀၅ သို့ တိုင်ကြားနိုင်ပါသည်”

ပရိုမိုးရှင်းအစီအစဥ်

“MCB-JCB အပန်းဖြေခရီး” အထူးပရိုမိုးရှင်းအစီအစဉ်

Myanmar Citizens Bank – MCB ဘဏ်ရဲ့ MCB-JCB ကတ်ကို လာရောက်လျှောက်ထားအသုံးပြုရုံနဲ့ ၂ ညအိပ် ၃ ရက်တာ အပန်းဖြေခရီးထွက်ပြီး အပြတ်လန်းနိုင်မယ့် “MCB-JCB အပန်းဖြေခရီး” ဆိုတဲ့ အထူးပရိုမိုးရှင်းအစီအစဉ်တစ်ခုကို MCB ဘဏ်ရဲ့ မိတ်ဟောင်းမိတ်သစ် Customer များအတွက်ယူဆောင်လာပါပြီရှင်။

ဒီ “MCB-JCB အပန်းဖြေခရီး” ဆိုတဲ့ အစီအစဥ်ကြီးမှာတော့ MCB-JCB ကတ်အသုံးပြုသူများထဲမှ ကံထူးရှင် ၃ ဦးကို မဲနှိုက်ရွေးချယ်ပေးသွားမှာဖြစ်ပြီး ကံထူးရှင်များအနေနဲ့ ကလော (သို့မဟုတ်) ပုဂံ (သို့မဟုတ်) ငွေဆောင်ကမ်းခြေ စတဲ့နေရာများအနက်မှ မိမိနှစ်သက်ရာနေရာတစ်ခု (တစ်ခု) ကို ၂ ညအိပ် ၃ ရက်ခရီးစဥ်အဖြစ် အခမဲ့ အလည်အပတ်သွားရောက်ခွင့်ရရှိမှာဖြစ်ပါတယ်ရှင်။ ဒါ့အပြင် ကံထူးရှင်များအနေနဲ့ မိမိရွေးချယ်ထားတဲ့ခရီးစဥ်ကို မိမိနဲ့အတူ အဖော်တစ်ဦး (တစ်ဦး) ကိုပါ အခမဲ့ ခေါ်ယူခွင့်ရရှိမှာဖြစ်ပါတယ်ရှင်။

MCB ဘဏ်ရဲ့ MCB-JCB ကတ်မှာ MPU ကွန်ယက်နဲ့ချိတ်ဆက်ထားတာဖြစ်တဲ့အတွက် ပြည်တွင်းရှိ မည်သည့် ATM စက်မှာမဆို ငွေသားအလွယ်တကူထုတ်ယူနိုင်မှာဖြစ်သလို online ပလက်ဖောင်းများနဲ့ e-Commerce ပလက်ဖောင်းများ၊ POS (Point of sales) စက်များမှာ ငွေပေးချေခြင်းများအတွက်လည်း အလွယ်တကူ အသုံးပြုနိုင်မှာပဲဖြစ်ပါတယ်ရှင်။ ဒါ့အပြင် MCB-JCB ကတ်ကို ကမ္ဘာတစ်ဝှမ်းရှိ နိုင်ငံပေါင်း ၁၉၀ ကျော်မှာ အသုံးပြုနိုင်မှာဖြစ်ပြီး နိုင်ငံတကာလေဆိပ်များရှိ JCB Plaza Lounge များမှာလည်း အခမဲ့ ဝင်ရောက်နားနေခွင့်ကို ရရှိနိုင်ဦးမှာဖြစ်ပါတယ်ရှင်။

ပါဝင်ကံစမ်းနိုင်သူများ

ဒီလို အထူးခံစားခွင့်အစီအစဥ်တွေရရှိနိုင်မယ့် “MCB-JCB အပန်းဖြေခရီး” ဆိုတဲ့အစီအစဥ်မှာပါဝင်ကံစမ်းချင်တယ်ဆိုရင်တော့ အောက်ပါအချက်များကို လိုက်ပါဆောင်ရွက်ရုံနဲ့ ၃ ရက်တာခရီးစဥ်ကို အခမဲ့ ရယူကံစမ်းနိုင်မှာပဲဖြစ်ပါတယ်။

  • MCB-JCB ကတ်မရှိသေးသည့် customers များအနေဖြင့် နီးစပ်ရာ MCB ဘဏ်ခွဲတိုင်းတွင် MCB-JCB ကတ်ကို အနည်းဆုံး (၁) သိန်းကျပ်နှင့် အကောင့်ဖွင့်ပြီး လာရောက်လျှောက်ထားရုံနဲ့ ပါဝင်ကံစမ်းခွင့်ရရှိမည်ဖြစ်သည်။
  • လက်ရှိ MCB-JCB ကတ်ကို အသုံးပြုလျက်ရှိသည့် customers များအနေဖြင့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၂၉ ရက်နေ့အတွင်း MCB-JCB ကတ်ကိုအသုံးပြု၍ ငွေပေးချေမှု အနည်းဆုံး ၂၀၀,၀၀၀ ကျပ်နှင့်အထက် ပြုလုပ်ရုံဖြင့်ပါဝင်ကံစမ်းခွင့်ရရှိမည်ဖြစ်သည်။

ဆုလက်ဆောင်များ

MCB-JCB အပန်းဖြေခရီး” အစီအစဥ်တွင် ကံထူးရှင်များအနေဖြင့် ကလော (သို့မဟုတ်) ပုဂံ (သို့မဟုတ်) ငွေဆောင်ကမ်းခြေ အစရှိသည့်နေရာများအနက်မှ မိမိနှစ်သက်ရာနေရာတစ်ခု (တစ်ခု) ကို ၂ ညအိပ် ၃ ရက်ခရီးစဥ်အဖြစ် အခမဲ့ အလည်အပတ်သွားရောက်ခွင့်ရှိမည်ဖြစ်ပြီး အဆိုပါခရီးစဥ်အတွင်း ကံထူးရှင်များအနေဖြင့် မိမိနှင့်အတူ အဖော်တစ်ဦးကို အခမဲ့ ခေါ်ယူခွင့်ရရှိမည်ဖြစ်သည်။

ဒါ့အပြင် “MCB-JCB အပန်းဖြေခရီး” အစီအစဥ်အတွင်း MCB ဘဏ်ခွဲများတွင် ပထမဦးဆုံး ကတ်အသစ်လာရောက်လျှောက်ထားသူ ၂၀ ဦးကို ဒီဇိုင်းအလန်းနဲ့ Tote bag တစ်ခုကို အထူးလက်ဆောင်အနေနဲ့ ပေးအပ်သွားမှာဖြစ်ပါတယ်။

ကံစမ်းမဲကာလ

ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ဖေဖော်ဝါရီလ ၂၉ ရက်နေ့အထိ

စည်းကမ်းသတ်မှတ်ချက်များ

  • MCB-JCB ကတ်မရှိသေးသည့် customers များအနေဖြင့် နီးစပ်ရာ MCB ဘဏ်ခွဲများတွင် MCB-JCB ကတ်ကို အနည်းဆုံး ၁ သိန်းကျပ်ဖြင့် အကောင့်ဖွင့်ပြီး လာရောက်လျှောက်ထားရုံဖြင့် ပါဝင်ကံစမ်းနိုင်မည်ဖြစ်သည်။ အကောင့်ဖွင့်ရာတွင် မိမိထည့်သွင်းထားသော ၁ သိန်းကျပ်အား ငွေသားအဖြစ် ပြန်လည်ထုတ်ယူခွင့်ပြုမည်မဟုတ်ဘဲ online နှင့် e-Commerce သို့မဟုတ် POS စက်များတွင် ငွေပေးချေခြင်းအတွက် ပြန်လည်အသုံးပြုခွင့်ရှိမည်ဖြစ်သည်။
  • MCB-JCB ကတ်ကို အသုံးပြုလျက်ရှိသည် customers များအနေဖြင့် ဖေဖော်ဝါရီလအတွင်း မည်သည့် e-Commerce ပလက်ဖောင်းနှင့် POS စက်တွင်မဆို အနည်းဆုံး ၂ သိန်းကျပ်နှင့်အထက် ငွေပေးချေမှုပြုလုပ်ရုံဖြင့် ပါဝင်ကံစမ်းနိုင်မည်ဖြစ်သည်။
  • MCB-JCB ကတ်အမျိုးအစားများအားလုံး ပါဝင်ကံစမ်းခွင့်ရှိမည်ဖြစ်သည်။
  • ကံထူးရှင်အမည်စာရင်းကို မတ်လ (၇) ရက်နေ့တွင် MCB ဘဏ်၏ တရားဝင် Facebook စာမျက်နှာတွင် ကြေငြာပေးသွားမည်ဖြစ်ပြီး ကံထူးရှင်များကို မတ်လ (၂၃၊ ၂၄၊ ၂၅) ရက်နေ့တွင် ၄င်းတို့ရွေးချယ်ထားသော ခရီးစဥ်များကို ပို့ဆောင်ပေးသွားမည်ဖြစ်သည်။
  • ကံထူးရှင်အဖြစ် ရွေးချယ်ခြင်းခံရသူသည် ခရီးစဥ်အတွင်း မိမိနှင့်အတူ အဖော်တစ်ဦးကို အခမဲ့ ခေါ်ယူခွင့်ရရှိမည်ဖြစ်သည်။
  • ကံထူးရှင်များအနေဖြင့် ၃ ရက်တာ ခရီးစဥ်အတွင်း အသွားအပြန်ကားလက်မှတ်၊ 5-star ဟိုတယ်တွင် ၂ ညတာတည်းခိုခွင့်၊ စားစရိတ်နှင့် လည်ပတ်စရိတ် စသည်တို့ကို အခမဲ့ခံစားခွင့်ရှိမည်ဖြစ်သည်။
  • ယခုအစီအစဉ်တွင် MCB ၏ဝန်ထမ်းများ ပါဝင်ကံစမ်းခွင့်ရှိမည်မဟုတ်ပါ။
  • အကယ်၍အငြင်းပွားဖွယ်တစ်စုံတစ်ရာဖြစ်ပေါ်ခဲ့ပါက MCB ဘဏ်၏ ဆုံးဖြတ်ချက်သာ အတည်ဖြစ်သည်။

ကဲ …

ဒါဆိုရင်တော့ နွေဦးရာသီအစမှာ မိမိချစ်ခင်ရသူတစ်ဦးနဲ့အတူ အပန်းဖြေခရီးထွက်ရင်း အပီကဲနိုင်မယ့် အခွင့်အရေးကြီးကို ရယူကံထူးနိုင်ဖို့အတွက် အခုပဲ နီးစပ်ရာ MCB ဘဏ်ခွဲတွေမှာ MCB-JCB ကတ်ကို လာရောက်လျှောက်ထားပြီး ကံစမ်းလိုက်ပါနော်။

HAPPY CALLING

WE’LL BE MORE THAN HAPPY TO ANSWER ANY CONCER YOU MAY HAVE.

HAPPY CALLING

WE’LL BE MORE THAN HAPPY TO ANSWER ANY CONCER YOU MAY HAVE.