“MCB-JCB အပန်းဖြေခရီး” အထူးပရိုမိုးရှင်းအစီအစဉ်
Myanmar Citizens Bank – MCB ဘဏ်ရဲ့ MCB-JCB ကတ်ကို လာရောက်လျှောက်ထားအသုံးပြုရုံနဲ့ ၂ ညအိပ် ၃ ရက်တာ အပန်းဖြေခရီးထွက်ပြီး အပြတ်လန်းနိုင်မယ့် “MCB-JCB အပန်းဖြေခရီး” ဆိုတဲ့ အထူးပရိုမိုးရှင်းအစီအစဉ်တစ်ခုကို MCB ဘဏ်ရဲ့ မိတ်ဟောင်းမိတ်သစ် Customer များအတွက်ယူဆောင်လာပါပြီရှင်။
ဒီ “MCB-JCB အပန်းဖြေခရီး” ဆိုတဲ့ အစီအစဥ်ကြီးမှာတော့ MCB-JCB ကတ်အသုံးပြုသူများထဲမှ ကံထူးရှင် ၃ ဦးကို မဲနှိုက်ရွေးချယ်ပေးသွားမှာဖြစ်ပြီး ကံထူးရှင်များအနေနဲ့ ကလော (သို့မဟုတ်) ပုဂံ (သို့မဟုတ်) ငွေဆောင်ကမ်းခြေ စတဲ့နေရာများအနက်မှ မိမိနှစ်သက်ရာနေရာတစ်ခု (တစ်ခု) ကို ၂ ညအိပ် ၃ ရက်ခရီးစဥ်အဖြစ် အခမဲ့ အလည်အပတ်သွားရောက်ခွင့်ရရှိမှာဖြစ်ပါတယ်ရှင်။ ဒါ့အပြင် ကံထူးရှင်များအနေနဲ့ မိမိရွေးချယ်ထားတဲ့ခရီးစဥ်ကို မိမိနဲ့အတူ အဖော်တစ်ဦး (တစ်ဦး) ကိုပါ အခမဲ့ ခေါ်ယူခွင့်ရရှိမှာဖြစ်ပါတယ်ရှင်။
MCB ဘဏ်ရဲ့ MCB-JCB ကတ်မှာ MPU ကွန်ယက်နဲ့ချိတ်ဆက်ထားတာဖြစ်တဲ့အတွက် ပြည်တွင်းရှိ မည်သည့် ATM စက်မှာမဆို ငွေသားအလွယ်တကူထုတ်ယူနိုင်မှာဖြစ်သလို online ပလက်ဖောင်းများနဲ့ e-Commerce ပလက်ဖောင်းများ၊ POS (Point of sales) စက်များမှာ ငွေပေးချေခြင်းများအတွက်လည်း အလွယ်တကူ အသုံးပြုနိုင်မှာပဲဖြစ်ပါတယ်ရှင်။ ဒါ့အပြင် MCB-JCB ကတ်ကို ကမ္ဘာတစ်ဝှမ်းရှိ နိုင်ငံပေါင်း ၁၉၀ ကျော်မှာ အသုံးပြုနိုင်မှာဖြစ်ပြီး နိုင်ငံတကာလေဆိပ်များရှိ JCB Plaza Lounge များမှာလည်း အခမဲ့ ဝင်ရောက်နားနေခွင့်ကို ရရှိနိုင်ဦးမှာဖြစ်ပါတယ်ရှင်။
ဒီလို အထူးခံစားခွင့်အစီအစဥ်တွေရရှိနိုင်မယ့် “MCB-JCB အပန်းဖြေခရီး” ဆိုတဲ့အစီအစဥ်မှာပါဝင်ကံစမ်းချင်တယ်ဆိုရင်တော့ အောက်ပါအချက်များကို လိုက်ပါဆောင်ရွက်ရုံနဲ့ ၃ ရက်တာခရီးစဥ်ကို အခမဲ့ ရယူကံစမ်းနိုင်မှာပဲဖြစ်ပါတယ်။
“MCB-JCB အပန်းဖြေခရီး” အစီအစဥ်တွင် ကံထူးရှင်များအနေဖြင့် ကလော (သို့မဟုတ်) ပုဂံ (သို့မဟုတ်) ငွေဆောင်ကမ်းခြေ အစရှိသည့်နေရာများအနက်မှ မိမိနှစ်သက်ရာနေရာတစ်ခု (တစ်ခု) ကို ၂ ညအိပ် ၃ ရက်ခရီးစဥ်အဖြစ် အခမဲ့ အလည်အပတ်သွားရောက်ခွင့်ရှိမည်ဖြစ်ပြီး အဆိုပါခရီးစဥ်အတွင်း ကံထူးရှင်များအနေဖြင့် မိမိနှင့်အတူ အဖော်တစ်ဦးကို အခမဲ့ ခေါ်ယူခွင့်ရရှိမည်ဖြစ်သည်။
ဒါ့အပြင် “MCB-JCB အပန်းဖြေခရီး” အစီအစဥ်အတွင်း MCB ဘဏ်ခွဲများတွင် ပထမဦးဆုံး ကတ်အသစ်လာရောက်လျှောက်ထားသူ ၂၀ ဦးကို ဒီဇိုင်းအလန်းနဲ့ Tote bag တစ်ခုကို အထူးလက်ဆောင်အနေနဲ့ ပေးအပ်သွားမှာဖြစ်ပါတယ်။
ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ဖေဖော်ဝါရီလ ၂၉ ရက်နေ့အထိ
ကဲ …
ဒါဆိုရင်တော့ နွေဦးရာသီအစမှာ မိမိချစ်ခင်ရသူတစ်ဦးနဲ့အတူ အပန်းဖြေခရီးထွက်ရင်း အပီကဲနိုင်မယ့် အခွင့်အရေးကြီးကို ရယူကံထူးနိုင်ဖို့အတွက် အခုပဲ နီးစပ်ရာ MCB ဘဏ်ခွဲတွေမှာ MCB-JCB ကတ်ကို လာရောက်လျှောက်ထားပြီး ကံစမ်းလိုက်ပါနော်။

WE’LL BE MORE THAN HAPPY TO ANSWER ANY CONCER YOU MAY HAVE.
WE’LL BE MORE THAN HAPPY TO ANSWER ANY CONCER YOU MAY HAVE.