“ မြန်မာနိုင်ငံသားများဘဏ်၏ ဘဏ်ခွဲများတွင် ရာခိုင်နှုန်းဖြင့်အကျိုးအမြတ်ရယူ၍ ငွေသားထုတ်ပေးခြင်းများ ၊ ဘဏ်၏ ငွေစာရင်းထဲရှိ အပ်နှံထားသည့်ငွေများနှင့် ဘဏ်ပြင်ပရှိငွေသားများ လဲလှယ်ထုတ်ပေးခြင်းများ၊ ဘဏ်ဝန်ဆောင်ခ နှုန်းထားများ အပြင်ရာခိုင်နှုန်းဖြင့် အခကြေးငွေ ကောက်ယူပါက မြန်မာနိုင်ငံသားများဘဏ်၏ ဖုန်းနံပါတ် ၀၁-၈၃၈၆၀၂၄ နှင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ ဖုန်းနံပါတ် ၀၆၇-၄၁၈၅၀၅ သို့ တိုင်ကြားနိုင်ပါသည်”

ငွေစု စျေးဝယ် အစီအစဥ်

မိမိကြိုက်နှစ်သက်ရာကုန်ပစ္စည်းအပြင် လူမှုအသုံးအဆောင်တွေကို ၆ လအထိ အတိုး လုံးဝ (လုံးဝ) ပေးစရာမလိုဘဲ အရစ်ကျစနစ်နဲ့၀ယ်ယူနိုင်မယ့်အပြင် မိမိဝယ်ယူလိုက်တဲ့ ကုန်ပစ္စည်းရဲ့ တန်ဖိုးအပေါ်မှာ အတိုးနှုန်းကိုပါ ပြန်လည်ခံစားခွင့်ရမယ် အထူးအစီအစဥ်လေးတစ်ခုကို Myanmar Citizens Bank – MCB ဘဏ်မှ ယူဆောင်လာပါပြီရှင်။​

Myanmar Citizens Bank – MCB ဘဏ်နဲ့ Brilliant Boss Co., Ltd တို့မှ ပူပေါင်းစီစဥ်ထားတဲ့ အတိုးလုံးဝပေးစရာမလိုတဲ့အပြင် ၆ လအတိုးမဲ့အရစ်ကျဝယ်ယူနိုင်မယ့်အထူးအစီအစဥ်မှာတော့ Brilliant Boss ကုမ္ပဏီနဲ့ ချိတ်ဆက်ထားတဲ့ မိတ်ဖက် ဆိုင်တွေမှာ မိမိကြိုက်နှစ်သက်ရာ လူမှုအသုံးအဆောင်ပစ္စည်းတွေကို အလွယ်တကူ ရွေးချယ်ဝယ်ယူနိုင်မှာဖြစ်ပါတယ်ရှင်။​

ဒီအစီအစဥ်မှာတော့ မိုဘိုင်းနဲ့လျှပ်စစ်အသုံးအဆောင်ပစ္စည်းများအပြင် အိမ်ယာပရိဘောဂပစ္စည်းများ၊ မျက်မှန်နှင့် မျက်စိကုသမှုများနဲ့ ညောင်ဦးဖီးကျွန်းခရီးစဥ် အစရှိတဲ့ ဝန်ဆောင်မှုများကိုပါ အတိုးလုံးဝ (လုံးဝ) ပေးစရာမလိုဘဲ ၆ လ အရစ်ကျစနစ်နဲ့ ချိတ်ဆက်ဝယ်ယူနိုင်မှာဖြစ်ပါတယ်။

စည်းကမ်းသတ်မှတ်ချက်များ

“ငွေစု စျေးဝယ်” အစီအစဥ်နဲ့ ချိတ်ဆက်ပြီး ၆ လ အတိုးမဲ့ အရစ်ကျစနစ်နဲ့ ဝယ်ယူချင်တယ်ဆိုရင်တော့ အောက်ပါစည်းမျဥ်းစည်းကမ်းသတ်မှတ်ချက်များအတိုင်း လိုက်ပါဆောင်ရွက်ရုံနဲ့ မိမိဝယ်ယူလိုတဲ့ အသုံးအဆောင်ကုန်ပစ္စည်းတွေကို လွယ်ကူလျှင်မြန်စွာ ဝယ်ယူနိုင်မှာဖြစ်ပါတယ်။​

​ – MCB ဘဏ်တွင် ယခုအစီအစဥ်အတွက်သတ်မှတ်ထားသည့်ဘဏ်အကောင့် ဖွင့်လှစ်ပြီးဖြစ်ပါက မိမိ၏ ဘဏ်အကောင့်ထဲတွင် မိမိဝယ်ယူလိုသည့်ကုန်ပစ္စည်းအသုံးအဆောင်၏ တန်ဖိုးနှင့်ညီမျှသော ငွေပမာဏကို ၆ လ အနည်းဆုံး စုဆောင်းထားရမည်ဖြစ်သည်။​​

​​- MCB ဘဏ်တွင် ဘဏ်အကောင့်မရှိသေးပါက နီးစပ်ရာဘဏ်ခွဲတွင် ဘဏ်အကောင့် အလွယ်တကူဖွင့်လှစ်နိုင်မည်ဖြစ်ပြီး မိမိဝယ်ယူလိုသည့် ကုန်ပစ္စည်း၏တန်ဖိုးနှင့် ညီမျှသော ငွေသားပမာဏကို မိမိဘဏ်အကောင့်ထဲသို့ထည့်သွင်းပြီး ၆ လ အနည်းဆုံး စုဆောင်းထားရမည်ဖြစ်သည်။​

– မိမိရွေးချယ်ဖွင့်လှစ်လိုက်သော အကောင့်အမျိုးအစားပေါ်မူတည်ပြီး ဘဏ်မှသတ်မှတ်ထားသည့် အတိုးနှုန်းကို ခံစားခွင့်ရှိမည်ဖြစ်ပြီး ရရှိလာသည့် အတိုးနှုန်းများကို လူကြီးမင်းတို့၏ ဘဏ်အကောင့်ထဲသို့ တိုက်ရိုက်ထည့်သွင်းပေးသွားမည်ဖြစ်သည်။​

– ဘဏ်အကောင့်ဖွင့်လှစ်ပြီး ငွေစုဆောင်းပြီးပါက မိမိဝယ်ယူလိုသည့် ကုန်ပစ္စည်းကို ယခုအစီအစဥ်တွင် ပါဝင်ချိတ်ဆက်ထားသော မိတ်ဖက်ဆိုင်များတွင် စိတ်ကြိုက်ဝယ်ယူရွေးချယ်နိုင်မည်ဖြစ်သည်။​

– မိမိဝယ်ယူထားသည့်ကုန်ပစ္စည်း၏တန်ဖိုးကို ၆ လ အတိုးမဲ့ (အတိုးမဲ့) အရစ်ကျစနစ်ဖြင့် လစဥ်လတိုင်း ဘဏ်အကောင့်ထဲသို့ပုံမှန်ထည့်သွင်းပေးသွားရမည်ဖြစ်သည်။​

– လစဥ်ပုံမှန်ပေးချေရမည့်အကြိမ်အရေအတွက် ပျက်ကွက်ခဲ့ပါက လူကြီးမင်းစုဆောင်းထားသော ဘဏ်အကောင့်ထဲမှ လစဥ်ပေးသွင်းရမည့်ပမာဏကို ထုတ်ယူသွားမည်ဖြစ်ပြီး ကျန်ရှိသည့် ငွေသားပမာဏအပေါ်တွင်သာ အတိုးနှုန်းကို သတ်မှတ်ထည့်သွင်းပေးသွားမည်ဖြစ်သည်။​

– မည်သည့်ကုန်ပစ္စည်းအသုံးအဆောင်မဆို အတိုးလုံးဝ (လုံးဝ) ပေးစရာမလိုဘဲ ၆ လ အရစ်ကျစနစ်ဖြင့်သာ ဝယ်ယူနိုင်မည်ဖြစ်သည်။​

– မိမိလစဥ်ပေးသွင်းရမည့်ပမာဏကို ၆ လအတွင်း ပုံမှန်ပေးချေပြီးပါက လူကြီးမင်းဝယ်ယူလိုက်သည့် ကုန်ပစ္စည်းကို ပိုင်ဆိုင်ရမည့်အပြင် လူကြီးမင်း၏ စုဆောင်းငွေ + အတိုးနှုန်းကိုပါ ပြန်လည်ထုတ်ယူခံစားနိုင်မည်ဖြစ်သည်။​

 

ရရှိနိုင်မည့် အကျိုးကျေးဇူးများ

မိမိဝယ်ယူလိုသည့် ကုန်ပစ္စည်းကို MCB ဘဏ်၏ “ငွေစု စျေးဝယ်” အစီအစဥ်နဲ့ ချိတ်ဆက်ဝယ်ယူပါက မိမိရဲ့ လက်ရှိငွေသားမပျောက်ပျက်တဲ့အပြင် စုဆောင်းငွေအကောင့်အမျိုးအစားအလိုက် အတိုးနှုန်းကို ခံစားရရှိနိုင်မယ့်အပြင် ကုန်ပစ္စည်းရဲ့တန်ဖိုးအပေါ် ၆ လ အတိုးမဲ့စနစ်ဖြင့် ငွေပေးသွင်းနိုင်မှာဖြစ်လို့ ဝန်မပိစေဘဲ မိမိဝယ်ယူလိုသည့် ကုန်ပစ္စည်းကို လွယ်ကူစွာ ဝယ်ယူနိုင်မှာဖြစ်ပါတယ်ရှင်။​ အခုလို အတိုးလည်းရ၊ မိမိဝယ်​ယူလိုသည့် ကုန်ပစ္စည်းကိုလည်း ပိုင်ဆိုင်ရမယ့်အခွင့်အရေးကုိ ရယူလိုတယ်ဆိုရင်တော့ နီးစပ်ရာ MCB ဘဏ်ခွဲများနဲ့ အောက်ပါမိတ်ဖက်ဆိုင်များမှာ အသေးစိတ် စုံစမ်းမေးမြန်းရင်း ဝယ်ယူနိုင်မှာဖြစ်ပါတယ်ရှင်။

၆ လ အတိုးမဲ့ အရစ်ကျစနစ်နဲ့ ဝယ်ယူနိုင်မည့် မိတ်ဖက်ဆိုင်များ

– iQ Vision (မျက်မှန်နှင့်မျက်စိကုသမှုများ)

– iSure (Time city Branch)

– Samsung, Oppo, Xiaomi and Vivo (Smartphone)

– Golden Power Technology (Laptop, Computer and Accessories)

– Toshiba & Midea (Consumer Electronics)

– TDS (Consumer Electronics)

– Baths & Kitchen Showroom

– Gree Aircon Myanmar

– စိန်နှင့်မြ (မွေ့ယာနှင့်ပရိဘောဂ)

– ရူဘီ (ကျွန်းပရိဘောဂ)

– Victoria Cliff (ညောင်ဦးဖီးကျွန်းခရီးစဉ် Package)

 

ဝယ်ယူနိုင်မည့် မြို့များ

၆ လ အတိုးမဲ့ အရစ်ကျစနစ် “ငွေစု စျေးဝယ်” အစီအစဥ်ကို လက်ရှိအချိန်မှာတော့ ရန်ကုန်နဲ့ မန္တလေးအတွင်းရှိ မိတ်ဖက်ဆိုင်များတွင်သာ ဝယ်ယူရရှိနိုင်မှာဖြစ်ပြီး အခြားပြည်နယ်နှင့်တိုင်းများရှိ မိတ်ဖက်ဆိုင်များနဲ့လည်း ထပ်မံချိတ်ဆက်ပြီး ဝန်ဆောင်မှုပေးနိုင်ဖို့အတွက် အမြန်ဆုံး ကြိုးစားဆောင်ရွက်လျက်ရှိပါတယ်ရှင်။

HAPPY CALLING

WE’LL BE MORE THAN HAPPY TO ANSWER ANY CONCER YOU MAY HAVE.

HAPPY CALLING

WE’LL BE MORE THAN HAPPY TO ANSWER ANY CONCER YOU MAY HAVE.