“ငွေဆုရဖို့ ငွေစုစို့” အထူးပရိုမိုးရှင်းအစီအစဉ်”
Myanmar Citizens Bank – MCB ဘဏ်မှာ အနည်းဆုံး (၃) သိန်းကျပ်ကနေစပြီး Savings အကောင့်အသစ်ဖွင့်ရုံနဲ့ ငွေသားဆုတွေကို ကံထူးနိုင်ဖို့ အခွင့်အရေးရရှိနိုင်မယ့် “ငွေဆုရဖို့ ငွေစုစို့” ဆိုတဲ့အထူးပရိုမိုးရှင်းအစီအစဉ်တစ်ခုကို MCB ဘဏ်ရဲ့ မိတ်ဟောင်းမိတ်သစ် Customer များအတွက်ယူဆောင်လာပါပြီရှင်။
ဒီအထူးအစီအစဉ်ကြီးမှာ ပါဝင်ကံစမ်းနိုင်ဖို့အတွက်ဆိုရင်တော့ MCB ဘဏ်မှာ Savings အကောင့်အသစ်တစ်ခုဖွင့်ပြီး အနည်းဆုံး (၃) သိန်းကျပ်မှ စတင်စုဆောင်းဖို့ လိုအပ်မှာဖြစ်ပြီး မိမိရဲ့ အကောင့်ထဲမှာ စုငွေ (၃) သိန်းကျပ် ရှိနေရုံနဲ့ လစဥ် ငွေသားဆုတွေအဖြစ် (၃) သိန်းဆု တစ်ဆု၊ (၂) သိန်းဆု နှစ်ဆုနဲ့ (၁) သိန်းဆု ငါးဆု၊ စုစုပေါင်းငွေသားကံစမ်းမဲဆု (၈) ဆုတို့ကို ကံစမ်းမဲနှိုက်ရွေးချယ်ချီးမြှင့်ပေးသွားမှာဖြစ်ပါတယ်ရှင်။
ဒီ “ငွေဆုရဖို့ ငွေစုစို့” ဆိုတဲ့အစီအစဉ်မှာ ပါဝင်ကံစမ်းနိုင်ဖို့အတွက်ဆိုရင်တော့ အောက်ပါစည်းမျဉ်းစည်းကမ်းများနဲ့ ကိုက်ညီသူမည်သူမဆို ပါဝင်ကံစမ်းနိုင်မှာဖြစ်ပါတယ်ရှင်။
– သတ်မှတ်ထားသည့် အစီအစဥ်ကာလအတွင်း လာရောက်ဖွင့်လှစ်သည့် မည်သည့် MCB Savings Account အမျိုးအစားအသစ်မဆို ပါဝင်ကံစမ်းခွင့်ရှိမည်ဖြစ်သည်။
– အကောင့် ID တစ်ခုလျှင် တစ်ကြိမ်သာ ပါဝင်ကံစမ်းခွင့်ရှိမည်ဖြစ်သည်။
– မိမိ၏ဘဏ်အကောင့်ထဲတွင် အနည်းဆုံး (၃) သိန်းရှိနေရမည်ဖြစ်သည်။
“နှစ်ဆတိုးပွား စုငွေများ” ပရိုမိုးရှင်းအစီအစဉ်မှာ လစဥ်ငွေသားဆုလက်ဆောင်များအဖြစ် (၃) သိန်းဆု တစ်ဆု၊ (၂) သိန်းဆု နှစ်ဆု၊ (၁) သိန်းဆု ငါးဆု၊ စုစုပေါင်းငွေသားကံစမ်းမဲဆု (၈) ဆုတို့ကို ကံစမ်းမဲနှိုက်ရွေးချယ်ချီးမြှင့်ပေးသွားမှာဖြစ်ပါတယ်။
နိုဝင်ဘာလ ၂၀ ရက်နေ့မှ မတ်လ ၂၉ ရက်နေ့အထိ
– အထက်ပါအချက်အလက်များနဲ့ကိုက်ညီရုံနဲ့ ငွေသားဆုမဲများအတွက် ပါဝင်ကံစမ်းခွင့်ရှိမည်ဖြစ်သည်။
– ကံထူးရှင်အမည်စာရင်းကို လစဥ် ၅ ရက်နေ့တွင် MCB ဘဏ်၏ တရားဝင် Facebook စာမျက်နှာတွင် ကြေငြာပေးသွားမည်ဖြစ်သည်။
– ကံထူးရှင်များ၏ ငွေသားဆုမဲများကို ကံထူးရှင်များ၏ Savings အကောင့်ထဲသို့ တိုက်ရိုက်ထည့်သွင်းပေးသွားမည်ဖြစ်သည်။
– ယခုအစီအစဉ်တွင် MCB ၏ဝန်ထမ်းများ ပါဝင်ကံစမ်းခွင့်ရှိမည်မဟုတ်ပါ။
– အကယ်၍အငြင်းပွားဖွယ်တစ်စုံတစ်ရာဖြစ်ပေါ်လာပါက MCB ဘဏ်၏ဆုံးဖြတ်ချက်သာ အတည်ဖြစ်သည်။
ဒါဆိုရင်တော့ … မိမိရဲ့ Savings Account အသစ်ထဲမှာ (၃) သိန်းကျပ်ကျန်ရှိရုံနဲ့ ဆုကြေးငွေ (၃) သိန်းကျပ်အထိ နှစ်ဆပြန်လည်ရရှိနိုင်မယ့် အခွင့်အရေးကြီးကိုရရှိကံထူးနိုင်ဖို့ နီးစပ်ရာ MCB ဘဏ်ခွဲတိုင်းမှာ အခုပဲ Savings Account အသစ်ဖွင့်ငွေစုပြီး ကံစမ်းလိုက်တော့နော်။

WE’LL BE MORE THAN HAPPY TO ANSWER ANY CONCER YOU MAY HAVE.
WE’LL BE MORE THAN HAPPY TO ANSWER ANY CONCER YOU MAY HAVE.